Navigation Menu

Skip to content

Instantly share code, notes, and snippets.

@eimg
Last active April 29, 2022 15:07
Show Gist options
  • Star 3 You must be signed in to star a gist
  • Fork 0 You must be signed in to fork a gist
  • Save eimg/5dba51f076e50e83e5c512eee4357c33 to your computer and use it in GitHub Desktop.
Save eimg/5dba51f076e50e83e5c512eee4357c33 to your computer and use it in GitHub Desktop.

Save Screenshots to Desktop

ဟိုးအရင် Ubuntu Version တွေမှာ Keyboard ကနေ Print Screen ခလုပ်ကိုနှိပ်ပြီးဖမ်းတဲ့ Screenshot တွေအတွက် Save Location ကို သတ်မှတ်လို့ ရပါတယ်။ အခုနောက်ပိုင်း Version တွေမှာ သတ်မှတ်လို့ မရတော့ဘဲ၊ Pictures ဖိုဒါထဲမှာပဲ Default အနေနဲ့ သွားသိမ်းပါတယ်။ ဖိုဒါပြောင်းလို့ မရတဲ့အတွက် အဆင်မပြေပါဘူး။

အဆင်ပြေချင်ရင် Keyboard ကနေ Print Screen ခလုပ်ကိုမနှိပ်ဘဲ Screenshot ဆော့ဖ်ဝဲကနေတစ်ဆင့် သွားရပါတယ်။

အသုံးတော့ဝင်ပါတယ်။ Delay Timer တွေဘာတွေ သတ်မှတ်လို့ရပြီး သိမ်းချင်တဲ့ နေရာကို ရွေးပေးလို့ ရပါတယ်။


ဒါပေမယ့် Screenshot တစ်ခါဖမ်းချင်တိုင်း သူ့ကိုဖွင့်နေရတာ အလုပ်ရှုပ်ပါတယ်။ ခလုပ်တစ်ချက် နှိပ်ယုံနဲ့ မပြီးဘူး ဖြစ်နေပါတယ်။ ဒီပြဿနာကို ဖြေရှင်းလို့ရပါတယ်။ ပထမဦးဆုံး Keyboard Shortcut Setting ကိုသွားပါ။

Save a Screenshot to Pictures ဆိုတဲ့ Shortcut ကို Disable လုပ်လိုက်ပါ။ တစ်ချက်နှိပ်လိုက်ပြီး၊ Backspace နှိပ်လိုက်ရင် Disable ဖြစ်ပါတယ်။

ပြီးရင် ဟိုးအောက်ဆုံးက + ခလုပ်လေးကို နှိပ်ပြီး Shortcut အသစ်ထည့်ပါ။

ပေါ်လာတဲ့ New Shortcut Setting Box အတွက် Name နေရာမှာ မိမိနှစ်သက်ရာအမည် ပေးလို့ရပါတယ်။ Command နေရာမှာသာ gnome-screenshot လို့ သတ်မှတ်ပေးရမှာပါ။ ပြီးတဲ့အခါ Shortcut ကို တစ်ချက်နှိပ်ပြီး Keyboard ကနေ Print Screen ခလုပ်ကို နှိပ်ပေးလိုက်ရင် ရပါပြီ။

ဒါဆိုရင် နောက်ပိုင်းမှာ Keyboard ကနေ Print Screen ခလုပ်နှိပ်လိုက်တိုင်း gnome-screenshot အလုပ်လုပ်သွားလို့ ကိုယ်ရွေးချယ်ပေးထားတဲ့ နေရာမှာ Screenshot တွေကို သိမ်းပေးသွားမှာ ဖြစ်ပါတယ်။

Install Oracle Java

Ubuntu မှာ Java ကို အခုလိုအလွယ်တစ်ကူ Install လုပ်လို့ရပါတယ်။

sudo apt install openjdk-11-jdk

Java Version ပေါ်မူတည်ပြီး Package အမည်တော့ ပြောင်းနိုင်ပါတယ်။ ဒါပေမယ့်၊ အဲ့ဒါက OpenJDK လို့ခေါ်တဲ့ Open Source Java ကို Install လုပ်တာပါ။ Java ကို အခြေခံတဲ့ အရေးပါတဲ့ ဆော့ဖ်ဝဲတွေရှိပါတယ် (ဥပမာ - VirtualBox, Android Studio)။ ဒီဆော့ဖ်ဝဲတွေက OpenJDK နဲ့ အမြဲတမ်း အဆင်မပြေပါဘူး။ ဘာကြောင့်မှန်းမသိ Run လို့မရတာတွေ၊ တစ်ချို့ Function တွေ အလုပ်မလုပ်တာတွေ၊ အရမ်းနှေးနေတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Oracle JDK ကို အသုံးပြုမှ အဆင်ပြေမှာ ဖြစ်ပါတယ်။

Oracle JDK က Install လုပ်ရတာ အလုပ်ရှုပ်ပါတယ်။ Oracle Website ကနေ Download လုပ်ပြီး Install လုပ်တဲ့အခါ၊ Dependency မကိုက်လို့ Install လုပ်ရတာတွေ၊ Version မကိုက်လို့ Install လုပ်မရတာတွေ၊ Install တော့ လုပ်လို့ရပါရဲ့ Run လို့မရတာတွေနဲ့ တော်တော် ဇယားရှုပ်ပါတယ်။ ဒီကိစ္စကို ဖြေရှင်းတဲ့ နည်းလမ်း နှစ်ခု ရှိပါတယ်။

ပထမနည်းလမ်းကတော့ webupd8team/java လို့ခေါ်တဲ့ Repository ကပေးတဲ့ Installer ကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ အရမ်းလွယ်ပါတယ်။ Command လေးတစ်ချို့ Run လိုက်ယုံပါပဲ။

sudo add-apt-repository ppa:webupd8team/java
sudo apt update
sudo apt install oracle-java8-installer

ဒါပါပဲ။ ဒီ Installer က Oracle JDK ကို Download လုပ်၊ Install လုပ်ပြီး၊ လိုအပ်တဲ့ Config တွေလည်း တစ်ခါတည်း သူ့ဘာသာ အကုန်သတ်မှတ်ပေးသွားမှာပါ။

ပြဿနာက Ubuntu Version အဟောင်းတွေမှာသာ အဆင်ပြေပြီး Version အသစ်တွေမှာ အဆင်မပြေတာပါ။ လုံးဝအဆင်မပြေတာ မဟုတ်ပါဘူး၊ နောက်ကျတာပါ။ သူ့ Repo က Version သစ်အတွက် Update ချက်ခြင်း မဖြစ်တာပါ။ အချိန်ကာလတစ်ချို့ စောင့်လိုက်ရင်တော့ အဆင်ပြေသွားတတ်ပါတယ်။

နောက်တစ်နည်းကတော့ linuxuprising/java လို့ခေါ်တဲ့ Repository ကပေးတဲ့ Installer ကို အသုံးပြုခြင်းဖြစ်ပါတယ်။ သူက နည်းနည်းပိုအလုပ်ရှုပ်ပေမယ့် Update ဖြစ်ပါတယ်။ ပထမအဆင့် အနေနဲ့ Oracle JDK ကို ကိုယ့်ဘာသာ Download လုပ်ရပါတယ်။ ဒီကနေ ဒေါင်းလို့ရပါတယ်။

https://www.oracle.com/java/technologies/javase-jdk11-downloads.html

Download လုပ်တဲ့ ဖိုင်အမည်ကို ဂရုစိုက်ပါ။ ဖိုင်တွေက exe, deb, rpm, dmg စသဖြင့် အမျိုးမျိုးရှိနေမှာပါ။ အဲ့ဒီထဲက Linux Archive ဖိုင်ဖြစ်တဲ့ jdk-11.0.7_linux-x64_bin.tar.gz ကို Download လုပ်ရမှာပါ။ နမူနာက JDK 11 နဲ့ နမူနာပေးထားတာပါ။ Version ကတော့ ပြောင်းနေနိုင်ပါတယ်။

ပြီးတဲ့အခါ /var/cache/ အောက်မှာ oracle-jdk11-installer-local အမည်နဲ့ ဖိုဒါတစ်ခု ဆောက်ပေးရပါမယ်။ Download လုပ်ထားတဲ့ဖိုင်ကို အဲ့ဒီဖိုဒါထဲမှာ ထားပေးရမှာပါ။ ဒီလိုပါ -

sudo mkdir -p /var/cache/oracle-jdk11-installer-local/
sudo cp jdk-11.0.6_linux-x64_bin.tar.gz /var/cache/oracle-jdk11-installer-local/

ဒီအထိရပြီဆိုရင် linuxuprising/java Installer ကို အခုလို Install လုပ်ပေးလိုက်ရင် ရသွားပါပြီ။

sudo add-apt-repository ppa:linuxuprising/java
sudo apt update
sudo apt install oracle-java11-installer-local

ဒီနည်းက အဆင့်ပိုများပြီး အလုပ်ရှုပ်ပေမယ့် ပိုသေချာတဲ့နည်း ဖြစ်ပါတယ်။

Easily Install Favorite Softwares

အခုမှထွက်ပြီး အခုမှ Install လုပ်ထားတဲ့ Ubuntu Version သစ်တွေရဲ့ ပြဿနာက တစ်ချို့ ဆော့ဖ်ဝဲအဟောင်းတွေ အလုပ်မလုပ်တော့ခြင်း၊ ထည့်သွင်းလို့ မရတော့ခြင်း ဖြစ်တတ်ပါတယ်။ Dependency မကိုက်လို့ပါ။ ဥပမာ - ထည့်သွင်းလိုတဲ့ ဆော့ဖ်ဝဲက Python 2 လိုတယ်။ Ubuntu အသစ်မှာက Python 3 ပဲ ပါတယ်။ ဒါပေမယ့် Python 2 ကို ထည့်တာ အဆင်မပြေဘူး၊ အဆင်မပြေတော့ ကိုယ်ထပ်ထည့်ချင်တဲ့ ဆော့ဖ်ဝဲလည်း ထည့်မရတော့ဘူး ဆိုတာမျိုးတွေ ဖြစ်တတ်ပါတယ်။

အခုတော့ အဲ့ဒီလို ပြဿနာတွေ သိပ်မရှိတော့ပါဘူး။ Snap Package တွေ ရှိနေပါပြီ။ Snap Package တွေက လိုအပ်တဲ့ Dependency တွေ တစ်ခါတည်း ပေါင်းထည့်ပါဝင်လို့ ကိုယ့် OS ထဲမှာ လိုအပ်တာတွေ ကြိုရှိနေဖို့ မလိုအပ်တော့ပါဘူး။ ဥပမာအနေနဲ့ပြောရရင် GIMP, Android Studio, Viber, Atom, VS Code, Slack, Spotify စသဖြင့် အသုံးဝင်တဲ့ ဆော့ဖ်ဝဲတွေကို Dependency ပြဿနာမရှိတော့ဘဲ အလွယ်တစ်ကူ ထည့်သွင်းနိုင်ပါတယ်။ ထည့်သွင်းပုံ ထည့်သွင်းနည်းကလည်း လွယ်ပါတယ်။

sudo snap install gimp
sudo snap install android-studio --classic
sudo snap install code --classic

တစ်ချို့ ဆော့ဖ်ဝဲတွေက System Resource ကို ထဲထဲဝင်ဝင် ယူသုံးပါတယ်။ အဲ့ဒီလို ဆော့ဖ်ဝဲတွေကို Install လုပ်ချင်ရင် --classic Flag နောက်ကထည့်ပြီး Install လုပ်ပေးရတာကိုတော့ သတိပြုပါ။

ဒါကြောင့် အခုချိန်မှာ ဆော့ဖ်ဝဲတစ်ခု ထည့်သွင်းလိုရင် တစ်ခြားဘယ်မှာမှ သွားမရှာဘဲ Snap Store မှာသာ သွားရှာပါ။ တော်တော်များများရှိတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

Sign up for free to join this conversation on GitHub. Already have an account? Sign in to comment