JavaScript တွင် Asynchronous process များအတွက် Callback များကို သုံးနိုင်သည်။ Asynchronous Process ဆိုသည်မှာ Synchronous Process ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ Synchronous Process ဆိုသည်မှာ လုပ်ငန်းစဉ်များကို တစ်ခုပြီးမှသာ နောက်တစ်ခု ဆက်ခြင်းအားဖြင့် အစီအစဉ်အတိုင်း အလုပ်လုပ်သွားသည့် Process ဖြစ်သည်။ Asynchronous Process များတွင် လုပ်ငန်းစဉ်တစ်ခု ပြီးဆုံးအောင် နောက်တစ်ခုက စောင့်ရန်မလို၊ ကြိုတင်၍သော်လည်ကောင်း၊ ပြိုင်တူသော်လည်ကောင်း ဆောင်ရွက်သည့် သဘောဖြစ်သည်။
ဥပမာ - ကောင်မလေးတစ်ယောက်ကို ချဉ်းကပ်စကားပြောလိုသည့် လူငယ်တစ်ဦး ရှိသည် ဆိုကြပါစို့။ ထိုလုပ်ငန်းစဉ်အတွက် Synchronous Process ကို သုံးပါက အောက်ပါအတိုင်း ဖြစ်ပေလိမ့်မည်။
function check() {
// walk to her
// status = check her out