Functions တွေဆိုတာက မကြာခဏ ပြန်လည်အသုံးပြုချင်တဲ့ Code ( Instruction Set ) တွေကို စုထားပြီး မိမိလိုချင်တဲ့အချိန် ပြန်လည်သုံးစွဲနိုင်အောင် နာမည်တစ်ခုပေးပြီး မှတ်ထားလိုက်တာပါပဲ။ Software ရေးသားရာမှာ ဒီလို Function ပေါင်းမြောက်များစွာ ဖန်တီးပြီးရေးသားရပါတယ်။ တူနေတဲ့ Code တွေကို Function တစ်ခုအောက်မှာ စုထားပြီး လိုအပ်တိုင်း ဖန်တီးခဲ့တဲ့ Function ကို ပြန်လည်အသုံးပြုနိုင်တဲ့အတွက် “Code Duplication” လို့ခေါ်တဲ့ တူနေတဲ့ Code တွေကို အခေါက်ပေါင်းများစွာ ပြန်ရေးသားရခြင်းကို လျော့ချနိုင်ပါတယ်။ နေ့စဉ်သုံး ဥပမာတစ်ခုပေးရမယ်ဆိုရင် အရင်ပြောခဲ့တဲ့ လက်ဖက်ရည်ဆိုင်သွားတဲ့ ဥပမာနဲ့ ပြန်ရှင်းပြပါ့မယ်။ လက်ဖက်ရည်ဆိုင်သွားမယ်ဆိုရင်
၁။ ပိုက်ဆံအိပ်ယူ
၂။ အိမ်တံခါးပိတ်
၃။ သော့ယူ
၄။ လက်ဖက်ရည်ဆိုင်သွား
၅။ စားပွဲထိုးခေါ်
၆။ လက်ဖက်ရည်မှာ
ဒီအဆင့်တွေက လက်ဖက်ရည်ဆိုင် သွားတိုင်း အမြဲလို လုပ်ရမှာမဟုတ်ဖူးလား။ ဒီတော့ လက်ဖက်ရည်ဆိုင်သွားတိုင်းမှာ အဆင့်တွေ မေ့မကျန်အောင် စာရွက်လေး တစ်ရွက်ပေါ်မှာ ချရေးထားလိုက်မယ်။ ဒါကို "လက်ဖက်ရည်ဆိုင်သွားတဲ့ Function” လို့ခေါ်လိုက်မယ်။ လက်ဖက်ရည်ဆိုင်သွားတိုင်းမှာ ဒီ Function ကို ခေါ်သုံးမယ်ဆိုရင